Olivia Grace Applegate ၊ Ron Perlman စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ခရစ်တိုဖာက သူထောင်ထားတဲ့ကုမ္ပဏီကပြိုလဲဇနီးသည်ကလည်း ကွာရှင်းမယ့်အခြေအနေဖြစ်နေပြီး စိတ်ဓာတ်အတော်ကျဆင်းနေပါတယ်။ အဲ့အချိန်မှာ အိမ်ထောင်ကွဲထားတဲ့အချစ်ဆုံးသူငယ်ချင်း အက်ဒီက သူ့အိမ်ထောင်ရေးအကြံပေးချက်အတိုင်းစိတ်ညစ်တာတွေပြေပျောက်သွားဖို့ လိုင်းပေါ်ကအလန်းဇယားတွေကိုရှာခိုင်းပါတယ်။ ဇနီးသည်နဲ့ခဏတာအဆင်မပြေတဲ့ကာလပဲမို့လို့မလုပ်ချင်ပေမယ့် အက်ဒီရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့် dating appတစ်ခုမှာအကောင့်ဖွင့်လိုက်ပါတယ်။ လိုက် add နေရင်းနဲ့ ဆော်လေးတစ်ပွေနဲ့ဆုံဖြစ်ပြီး စကားပြောဖြစ်တယ်။ ခဏအကြာမှာ ဒေါက်တာဇက်ဖာဆိုတဲ့အကောင့်တစ်ခုက ခရစ်တိုဖာကို လက်ရှိစကားပြောတဲ့ကောင်မလေးကိုထပ်မဆက်သွယ်ဖို့နဲ့ ကောင်မလေးက အန္တရာယ်ရှိကြောင်းလာသတိပေးတယ်။ ခရစ်တိုဖာက ဒေါက်တာဇက်ဖာရဲ့စကားကိုမယုံတဲ့အခါမှာတော့……