ဇာတ်လမ်းအကျဉ်းကတော့ ဘန် နဲ့ ဗီ ဟာနွေရာသီတိုင်းမှာအပန်းလာဖြေနေကြ ကမ်းခြေတစ်နေရာကိုထွက်လာခဲ့ကြတယ်။ဒီနှစ်နွေရာသီကတော့ အရင်နှစ်တွေကနဲ့မတူဘူး။ဘန် တစ်ယောက်ကိုယ့်ကိုယ်ကိုကာကွယ်ရင်း မတော်တဆသတ်မိသွားပြီး အမှုရင်ဆိုင်တာပြီးမြောက်သွားတဲ့အချိန်လည်းဖြစ်တယ်။နှစ်တိုင်းလာနေကြဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီးထွက်လာကြတာလည်းပါတယ်။ အပန်းဖြေတဲ့နေကိုလည်းရောက်တော့ပိုင်ရှင်တွေဖြစ်တဲ့ ပတ်ထရစ် နဲ့ ကိတ်ကိုမတွေ့ရဘဲ အဲလတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုပဲတွေ့တယ်။ ပိုင်ရှင်တွေအကြောင်းကိုမေးတော့ ဝေ့လည်ကြောင်ပတ်လျှောက်ဖြေတာကို စုံထောက်ဖြစ်တဲ့ဘန်ကသဘောမကျဘူး။ နောက်နေ့ရောက်တော့ ဘန်တို့နဲ့အတူပါတဲ့ခွေးလေးလည်ပင်းကျိုးပြီးသေနေတာတာကိုတွေ့တယ်။သူ့ခွေးသေလို့စိတ်တိုသွားတဲ့ ဘန်လည်း အဲလတ်စ်ရဲ့ အခန်းထဲကိုဝင်ရှာကြည့်တဲ့အခါမှာတော့……