ဒီဇာတ်ကားလေးကတော့ 2017 ခုနစ်မှာ ထွက်ရှိခဲ့တဲ့Kill ‘Em All ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ယခင်အပိုင်းမှာ ဆားဘီးယားဂိုဏ်းခေါင်းဆောင်ဒမီထရီပက်ထရိုဗစ်ကို ရှင်းလင်းခဲ့တဲ့ အေးဂျင့် ဖိလစ် ကလက်ရှိမှာတော့ သမီးဖြစ်သူ ဗန်နက်ဆာနဲ့အတူ အေးချမ်းတဲ့ဘဝလေးမှာ ဇာတ်မြုပ်ပြီး အခြေချနေပါတယ်။ဒါပေမဲ့ အစ်ကိုဖြစ်သူသေဆုံးမှုမပေါ် မကျေနပ်ပဲ လက်စားချေလိုတဲ့ညီဖြစ်သူဂိုဏ်းခေါင်းဆောင် ဗလက်ဒီမာပက်ထရိုဗစ်က ဖိလစ်တို့ကိုလိုက်ရှာပြီး လက်စားချေဖို့ကြိုးစားလာတဲ့အခါမှာတော့ ဖိလစ်တို့နှစ်ယောက်ထွက်ပြေးရင်းနဲ့ စ ခဲ့တဲ့ ဇာတ်လမ်းကို အဆုံးသတ်ရဖို့ဖြစ်လာပါတော့တယ်။ဒီဇာတ်ကားမှာတော့ အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ရင်းကနေသည်းထိတ်ရင်ဖို စွန့်စားရတဲ့ဘဝထဲ ပြန်ရောက်သွားတဲ့ဖိလစ်တစ်ယောက် ဗလက်ဒီမာပက်ထရိုဗစ်ကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို အက်ရှင်အခန်းတွေအပြည့်နဲ့ စိတ်လှုပ်ရှားစွာ ရှုစားကြရမှာဖြစ်ပါတယ်။