အင်ထရိုဗာ့တစ်ယောက်ရဲ့အချစ်မွေးဖွားလာချိန်တူပြီး ကိုယ်ရည်ကိုယ်သွေးမတူကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်…။ဗစ်ကရမ်ဆိုတဲ့ကောင်လေးက ဗီဇကိုက စကားနည်းပြီးအနေအေးလွန်းလို့ ငယ်ငယ်တုန်းကအတန်းထဲမှာမာနကြီးတဲ့ကောင်လို့ အပြောခံရသည်ထိပါပဲ ။ဒါရာနီကတော့ လမင်းကြီးပုံပြင်နားထောင်ရင်းကြီးပြင်းလာတဲ့လနတ်သမီးလေးလိုအလှနဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်။လူကြောက်ပေမဲ့ လူတွေကြားထင်ပေါ်လွန်းတဲ့ကောင်မလေးကိုမှချစ်မိလေတော့ တစ်သက်လုံးစွဲလာတဲ့အကျင့်ကို ဖီဆန်ပြီး အားမွေးတော့တာပေါ့။အာမွေးပြီး ဖွင့်ဆိုလိုက်တဲ့ အချစ်စကားတစ်ခွန်းကသူ့ဘဝကို ပြောင်းပြန်လှန်သွားစေတဲ့အခါမှာတော့….ပိတ်ရက်မှာ သီချင်းချိုချိုလေးတွေနဲ့ အချစ်ဟာသကားလေးနဲ့ အမောဖြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။