Do You See What I See HD

Do You See What I See

Drama Horror Thriller HD 2024-05-16 6.4 109 Min

Horror ကားကောင်းကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကိုသိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Do You See What I see (2024)အင်ဒိုစကားပြော ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မီးအလင်းအမှောင်ကောင်းမွန်မှုတွေ သေသပ်တဲ့ ရိုက်ကူးချက်တွေကြောင့် ကြည့်ရတာတန်တဲ့ Horror ဇာတ်ကားကောင်း တစ်ခုပါ။ဇာတ်လမ်းကတော့ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာအသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သင်္ချိုင်းမှာ မွေးနေ့ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက်လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံပြောင်းလဲလာခဲ့ပါတယ်။ အတူနေ အဆောင်သူငယ်ချင်းတွေကတဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့်သေချာမသိကြပါဘူး။အချစ်ဆုံး အတူနေ အဆောင်သူငယ်ချင်းတွေကိုတောင် ရန်လိုလာတဲ့မာဝါတစ်ယောက် ဒီလိုပြောင်းလဲလာတာဟာ သူ့ကို ကပ်နေတဲ့ဝိဉာဉ်တစ်ခုကြောင့်ဆိုတာ သိလိုက်ကြတဲ့ အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီမကောင်းဆိုးဝါး ဝိဉာဉ်က မာဝါ တစ်ဦးတည်းသာမကပဲ သေဆုံးသွားပြီး ဖြစ်တဲ့ မာဝါရဲ့ မိဘနှစ်ပါးနဲ့ပါ ပတ်သတ်ဆက်နွယ်နေတဲ့အခါ….။