အန်နာညာဟာ အရင်က အစိုးရလက်အောက် FATF ဌာနမှာအလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အခုဆိုရင်တော့လူလိမ်တွေ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပေးတဲ့ လုပ်ငန်းတစ်ခုမှာင်ရောက်လုပ်ကိုင်နေသူတစ်ဦးပေါ့။ သူတို့ဟာ အခုလက်ရှိမှာအိန္ဒိယရဲ့ အလိုအရှိဆုံး နာမည်ကြီးလူလိမ်ဖြစ်တဲ့ဗီရှန်ရှားနောက်ကိုလိုက်နေကြတာဖြစ်ပါတယ်။ဗီရှန်ရှားဆိုသူဟာ တောင်အာဖရိကပိုင် အီဘိုနီကျွန်းမှာ တွေ့ရတယ်လို့ သတင်းရတဲ့အခါမှာတော့သတင်းကိုသေချာဖို့အတွက်နဲ့ မြေအောက်စနစ်ထဲကနေ အယ်လ်ဖာဆိုတဲ့သူကို ငှားရမ်းပြီးတော့ စုံစမ်းခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဗီရှန်ရှားရဲ့ ကျွန်းပေါ်ကအခြေအနေကို သိလာရတဲ့အချိန်မှာတော့ သူတို့ကိုယ်တိုင်လက်ရဖမ်းဆီးဖို့ကြံစည်ကြပါတော့တယ်။ သို့ပေမဲ့လည်းတခြားနိုင်ငံပိုင်နယ်နိမိတ်အတွင်းမှာဖြစ်နေတဲ့အတွက် အခက်တွေ့နေပါတော့တယ်။ဒီလိုနဲ့ ဗီရှန်ရှားကို ဖမ်းဆီးနိုင်ဖို့ သူတို့ ဘယ်လိုတွေ အကြံထုတ်ကြမလဲ …..မြေအောက်စနစ်ကနေ ငှားရမ်းထားတဲ့ အယ်လ်ဖာဆိုတဲ့သူနဲ့ရော တွဲပြီးတော့ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ …နောက်ဆုံးမှာ လူလိမ်ကြီးဗီရှန်ရှားကို ဖမ်းဆီးနိုင်မှာလား …ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအက်ရှင်မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။