The Thinning HD

The Thinning

Drama Horror Thriller HD 2016-10-12 6.754 84 Min

ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါDirected by Michael J. Gallag’her ဖြစ်ပါတယ်IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့Audience Score မှာလည်း 62% ရရှိထားပါတယ်ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင်ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေခွဲထွက်ထားတော့ ပိုကောင်းတာပေါ့(စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ? )2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့်နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာလူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူတွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံးကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့?  Michaelsတက္ကဆက်ပြည်နယ်ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့အတော်ဆုံးကျောင်းသူတစ်ဦးမိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်းကျူရှင်လဲသင်စာမရတဲ့ကျောင်းသားတွေကိုခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်းကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်းပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက်စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့စစ်ဆေးမှုကျရှုံးသွားရတာလဲသူတို့ကတော့coupleပါမြို့တော်ဝန်ရတ်ဒင်းန်ရဲ့ သားဖြစ်သူ ဘလိတ်ရတ်ဒင်းန်နဲ့ကျောင်းကခပ်လန်းလန်းကောင်မလေး အယ်လီဟက်ပါစစ်ဆေးမှုမတိုင်ခင်ညမှာ ချိန်းတွေ့ကြတာမိသွားတော့မြို့တော်ဝန်က သူ့သားကျမှာစိုးလို့မပေါ့လျော့ဖို့ဆုံးမမနက်ရောက်တော့ စစ်ဆေးမှုမှာ အယ်လီကျသွားတယ်ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့ဘလိတ်ခ်က အဖေကိုအကူအညီတောင်းပေမယ့် ဥပဒေအထက်မှာ ဘယ်သူမှရှိဘူးလို့ငြင်းခံရတော့ဒီစနစ်ကိုဒီလောက်ထောက်ခံရလားဆိုပြီး သူပါတမင်ကျရှုံးအောင်ဖြေမယ့်အကြောင်း videoတစ်ခုလုပ်ထားခဲ့တယ် ရမှတ်တွေမထွက်ခင် မြို့တော်ဝန်သိသွားတဲ့အခါတားမှာလား ဥပဒေအတိုင်းထားမှာလား?‍♂️  Woods (Calum Worthy)လီနာရဲ့သူငယ်ချင်းကောင်းစီစီတီဗွီတွေကိုအမြဲဟက်ပြီး ကြည့်လေ့ရှိသူသတင်းထောက်လည်းဖြစ်ချင်တဲ့အတွက်နာမည်ကျော်သတင်းထောက် ဝမ်ဒီဆီကိုသတင်းတွေအမြဲပို့နေသူတစ်ယောက်Thinning လုပ်တယ်ဆိုတာကရော ဘယ်လိုနည်းနဲ့သတ်ပစ်တာလဲစစ်ဆေးမှုရလာဒ်တွေကရော အမှန်တိုင်းဟုတ်ရဲ့လားကယ်လန်ကရော စီစီတီဗွီမှတ်တမ်းကနေတစ်ဆင့်သူငယ်ချင်းတွေကိုဘယ်လိုကူညီနိုင်မှာလဲသနားစရာလီနာနဲ့ အယ်လီတို့ကရော ကယ်တင်ခံရမှာလားဘလိတ်ခ်ကရော သတ်ပစ်ခံရတဲ့ထဲပါသွားမှာလားဆိုကနေတစ်ဆင့် ကြည့်ရှုခံစားကြမယ်နော်