ဒီ Animation Documentary လေးကတော့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံတင်ဆက်ထားတဲ့ ဟန်ဂေရီ Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ဟန်ဂေရီနိုင်ငံဟာ ဆိုဗီယက်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်သွားပြီးနောက် ၁၉၉၀ ခုနှစ်ကာလများမှာလွတ်လပ်စွာခရီးသွားလာခွင့်တွေရရှိခဲ့ပေမယ့် လက်မှတ်ခတွေ အလွန်ဈေးကြီးတာကြောင့် ခရီးသွားဖို့မတတ်နိုင်ခဲ့ကြပါဘူး။ဒါကြောင့် လူငယ်များ နိုင်ငံပြင်ပ လောကကြီးအကြောင်းလေ့လာနိုင်စေဖို့ ဘူတာပတ်စ်မြို့က Ákos, Laci နဲ့ Petya ဆိုတဲ့ လူငယ်လေးသုံးယောက်ဟာလက်မှတ်တုတွေလုပ်ပြီး ခရီးသွားကြဖို့ ကြိုးပမ်းကြပုံကို စိတ်ဝင်စားဖွယ် သမိုင်းဗဟုသုတအနေဖြင့်ကြည့်ရှုကြရမှာပါ။