အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ spy-thriller ရုပ်ရှင်လေးကိုပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဒီထဲမှာ မင်းသမီး SriDevi ရဲ့သမီး Janhvi Kapoor ကရဲရင့်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဆူဟာနာဟာ ဂုဏ်သရေရှိနိုင်ငံရေးမိသားစုမှပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ခြေရာနင်းကာ သံတမန်ရေးရာကျွမ်းကျင်လိမ္မာသူအမျိုးသမီးပါအိန္ဒိယနိုင်ငံရဲ့အသက်အငယ်ဆုံးသော လက်ထောက်သံအမတ်ဖြစ်လာခဲ့ပြီး ဗြိတိန်ကိုသွားရောက်ရမှာပါဒါကို ဂုဏ်ပြုသူတွေလည်းရှိသလို မိသားစုအရှိန်အဝါကြီးလွန်းတာကြောင့်ဒီနေရာရတယ်လို့ ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေပါတယ်ချစ်သူကလည်း အချိန်မပေးနိုင်လို့ သစ္စာဖောက်သွားခဲ့ပြီး အမေကိုယ်တိုင်ကသူ့သမီးလေးကို အလုပ်နဲ့လက်ထပ်ရတဲ့ဘဝမျိုး မရောက်စေချင်လို့ ဒီရာထူးကို သဘောမကျဘဲရှိပါတယ်ဒါတွေအားလုံးကို တွန်းလှန်လို့ အမျိုးသမီးငယ်လေးတစ်ယောက် သက်သေပြနိုင်မှာလားဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မှာလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦး