2010 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသ အက်ရှင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ဒီကားကတော့ ကြည့်ရှုသူတွေ အပန်းပြေရမှာ အမှန်ပါပဲ။Rated R ဖြစ်တဲ့ အတွက်ကြောင့် လူကြီးဟာသတွေလည်း အများကြီးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မင်္ဂလာပွဲမှာဇနီးသည် သေဆုံးပြီးတဲ့နောက် အနားယူလိုက်တဲ့ စစ်မှုထမ်း အထူးအေးဂျင့်ဟောင်း မက်ခ်ဂရူဘာကိုနျူးကလီယား ဒုံးကျည် အခိုးခံရမှု အတွက် လာခေါ်ခံရပြီး။သူ့ဇနီးကို သတ်သွားတဲ့ သူက နျူးကလီးယား ဒုံးကျည်ကို ခိုးခဲ့တယ်ဆိုတာသိသွားတဲ့ အခါမှာတော့ ကလဲ့စားအတွက်ရော နိုင်ငံကို ကာကွယ်ဖို့ အတွက်ရော မစ်ရှင် စတင်ပြီးဘယ်လို ဆက်ဖြစ်သွားမယ်ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။