I Can't Live Without You HD

I Can't Live Without You

Comedy Romance HD 2024-08-15 6.7 98 Min

အခုခေတ်မှာနည်းပညာတိုးတက်လာပြီးလူကြီးလူငယ်မရွေးဖုန်းတွေအလွယ်တကူကိုင်လာနိုင်တဲ့အချိန်မှာဖုန်းကိုပဲအာရုံစိုက်တာများပြီးကိုယ်ချစ်တဲ့လူတွေကိုဘေးမှာထားပြီးမေ့နေတတ်ကြတာများကြပါတယ်။ဖုန်းဆိုတာအချိန်မရွေးပြန်ဝယ်ကိုင်လို့ရပေမဲ့ ဖုန်းကြောင့်ပျက်စီးဆုံးရှုံးလိုက်ရတဲ့ ဆက်ဆံရေးတွေကတော့ လွယ်လွယ်ကူကူနဲ့ ပြန်ဝယ်ယူလို့မရနိုင်တော့ပါဘူး။အဲ့ဒါကိုပညာပေးတဲ့အနေနဲ့ I Can’t Live Without Youဆိုတဲ့ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကားလို့စ်က စီးပွားရေးကုမ္ပဏီမှာရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး ဖုန်းနဲ့လက်နဲ့မပြတ်အလုပ်လုပ်ကိုင်နေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီရလာဒ်အနေနဲ့စားလည်းဖုန်း သွားလည်းဖုန်း အိပ်လည်းဖုန်းနဲ့ဖုန်းမသုံးပဲမနေနိုင်တဲ့  လူတစ်ယောက်ဖြစ်လာပြီး မိန်းမနဲ့ကလေးတွေကိုပစ်ထားမိလာတာဆယ်စုနှစ်နဲ့ ချီကြာလာပါတော့တယ်။အဲ့ဒီဖုန်းနဲ့အလုပ်ကြောင့်ပဲ မိသားစုအပေါ်ပျက်ကွက်တာတွေများလာတဲ့အခါမှာမိန်းမဖြစ်သူက သည်းမခံနိုင်တော့ပဲ ကွာရှင်းဖို့အထိဖြစ်လာကြပါတော့တယ်။အဲ့ဒီအခါကျမှကားလို့စ်ကဖုန်းဖြတ်ဖို့အတွက်ဖုန်းဖြတ်ကုထုံးတွေခံယူခဲ့ပြီးမိသားစုနဲ့မိန်းမကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပုံတွေကိုကြည့်ရင်းကိုယ်တွေရဲ့ဘ၀မှာလည်း ဖုန်းကိုကိုယ်ချစ်ရတဲ့လူတွေထက် ရှေ့တန်းတင်မိနေပြီလားဆိုတာကို ပြန်လည်သုံးသပ်ရင်း ပြင်ဆင်နိုင်ဖို့ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။