The 51st State HD

The 51st State

Action Comedy Crime Thriller HD 2001-12-07 6.111 93 Min

မားသားဖာ့ကာကြီး Samuel L. Jackson ကိုယ်တိုင် ဓာတု‌ဗေဒပညာရှင်တယောက်အနေနဲ့ဝင် cook ပေးထားတဲ့ 2001 ထွကမှုခင်းဟာသရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်မို မက်ကယ်ရွိုင် (Samuel L. Jackson) ဟာကျွမ်းကျင် အမေရိကန်ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီးဘွဲ့ရလာတဲ့နေ့မှာတင် ဆေးခြောက်မှုနဲ့အဖမ်းခံလိုက်ရလို့ မူးယစ်ဆေးချက်ပညာရှင်ဖြစ်သွားခဲ့ပါတယ်။နောက်အနှစ် ၃၀ အကြာမှာတော့ အယ်မိုက ပီအိုအက်စ် ၅၁ လို့ခေါ်ပြီး သမိုင်းမှာရှိခဲ့ဖူးသမျှမူးယစ်ဆေးအားလုံးထပ် ၅၁ ဆ ပိုပြင်းတဲ့ဆေးကို ချက်နိုင်ခဲ့တဲ့အပြင်ဆေးဖော်မြူလာကိုလည်း ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီဖော်မြူလာကို လီဗာပူးလ်မြို့က မူးယစ်ကုန်သည် ဒူးရန့်နဲ့အရောင်းအဝယ်လုပ်ဖို့ သဘောတူထားပေမဲ့လည်း အမေရိကန်မှာအယ်မိုလုပ်လာတဲ့အရှုပ်တွေက သူ့ရဲ့အရောင်းအဝယ်ကို ဝင်နှောက်ယှက်လို့ပျက်သွားပြီးအယ်မိုတယောက် ဒူးရန့်နဲ့ တပည့် ဖီးလစ်နဲ့ လီဗာပူးလ်မြို့မှာ ပိတ်မိသွားခဲ့ပါတယ်။ဒေါ်လာ သန်း ၂၀ ပိုက်ပြီး အေးဆေးနေချင်တဲ့ အယ်မိုတယောက်သူ့ရဲ့ ပီအိုအက်စ် ၅၁ ဖော်မြူလာကို ရောင်းချဖို့လုပ်ရင်း ဖီးလစ်နဲ့အတူအခက်အခဲပေါင်းစုံဖြတ်‌ကျော်ကြတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။စကားအသုံးအနှုံးအကြမ်းစားတွေအပြင် သွေးထွက်သံယိုပြကွက်တွေပါပါဝင်တာမလို့ အသက် 18 အောက်ကလေးတွေမကြည့်ရှုသင့်ပါဘူး။