Dopamine @ 2.22 HD

Dopamine @ 2.22

Crime Drama Thriller HD 2024-09-20 8.3 91 Min

ဒီရုပ်ရှင်မှာ မတူညီတဲ့လူနေမှုဘ၀တွေနဲ့ လူခြောက်ယောက်ရဲ့ဘ၀တွေကိုအလှည့်ကျရိုက်ကူးတင်ဆက်ထားတာ မြင်တွေ့ရမှာပါ။ကျွန်တော်တို့ကမ္ဘာကြီးက သဘာ၀တရားကြီးနဲ့အတူ ယဉ်ကျေးမှုတွေဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ဖွံ့ဖြိုးလာတာနဲ့အမျှ မော်ဒန်ကမ္ဘာကြီးရယ်လို့ဖြစ်လာခဲ့တယ်။မော်ဒန်ကမ္ဘာကြီးမှာ ဘာဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုကို ခံရမှန်းမသိခံရင်းနစ်မြုပ်တိုးဝင်နေကြလေရဲ့။ရုပ်ရှင်နာမည်မှာပါတဲ့ ဒိုပါမင်းဆိုတာဘာလဲ။ဒိုပါမင်းဆိုတာကျွန်တော်တို့ဦးနှောက်တွေထဲမှာလျှို့ဝှက်ထားတဲ့အရာတစ်ခုပေါ့။ကိုယ်တိုင်စူးစိုက်အာရုံနှစ်မြုပ်ပြီး လုပ်နေတဲ့အရာတစ်ခု အောင်မြင်သွားပြီးအသိအမှတ်ပြုခံရတဲ့အခါတွေမှာဦးနှောက်ကနေ ဆုလာဘ်အနေနဲ့ထုတ်ပေးလိုက်တဲ့အရာလို့ပဲ ဆိုကြပါစို့။ဒီတော့ အဲဒီအလုပ်ကိုထပ်ခါထပ်ခါနဲ့ လုပ်ချင်နေတဲ့စိတ်အောင်မြင်ချင်နေတဲ့စိတ် ဖြစ်ပေါ်စေတဲ့အရာ။အဲဒီအရာက ဒိုပါမင်းပေါ့။ဒီရုပ်ရှင်မှာတော့ အဲဒီဒိုပါမင်းက နှစ်နာရီနှစ်ဆယ့်နှစ်မိနစ်အတိမှာ လူသတ်မှုဖြစ်ပေါ်စေမဲ့အရာဖြစ်လို့နေပါတော့တယ်။မတူညီတဲ့ဇာတ်ကောင်တွေကို ချိတ်ဆက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်အလှည့်အပြောင်းတွေကိုကြည့်ရှုရမှာမို့sအားပေးကြပါဦး။