ဒရာမာမိသားစုအိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်ယောက်တည်းရဲ့ ကြပ်တည်းတဲ့ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေးအနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီးမြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး