အာကာသထဲကို အလည်တစ်ခေါက်ခေါ်သွားမယ့် Hubble Imaxလာပါပြီ။ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီစကြာ၀ဠာကြီးထဲမှာရှိနေတဲ့လူမသိသေးတဲ့ အကြောင်းအရာတွေ၊တိမ်မြှပ်နေတဲ့အလှအပတွေကို တူးဖော်ပြီးHubble လို့ခေါ်တဲ့ အာကာသယာဉ်ကနေတစ်ဆင့်ကမ္ဘာမြေဆီကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားကြပုံအဖုံဖုံကို ကြည့်ရှူရမှာပါ။ဒီစကြာ၀ဠာကြီးရဲ့လျှို့၀ှက်ချက်ကို ဖော်ထုတ်ပေးမယ့်Hubbleကို အာကာသအတွင်းလွင့်တင်ဖို့ပြင်ဆင်ခဲ့ရတဲ့ခရီးလမ်းက မျှော်မှန်းထားသလောက် မလွယ်ကူခဲ့ပါဘူး။အဲဒီလို မလွယ်ကူတဲ့ကြားကနေပဲ နောက်မဆုတ်တမ်း အဆင့်ဆင့်ပြင်ဆင်ရင်းကြိုးစားလာကြတဲ့ အာကာသပညာရှင်တွေနဲ့ သူတို့ရဲ့ကြိုးစားမှုတွေကို ခံစားတွေ့မြင်ရမှာပါ။Hubblရဲ့တိုးတက်ကောင်းမွန်လာမှုနဲ့အတူဒီအာကာသကြီးရဲ့အလှတရားတွေကလည်း ပိုရုပ်လုံးပေါ်လာလို့ကြည့်ရှူသူတွေအတွက်တော့ အချိန်ပေးရကျိုးနပ်စေမှာပါ။ဒါပေမဲ့ အာကာသပညာရှင်တွေအနေနဲ့ အချိန်အားလူအားဉာဏ်အားအလုံးစုံရင်းပြီး ရလာတဲ့ရလဒ်က အမှန်တကယ်ရော အားရကျေနပ်ဖွယ်ရှိရဲ့လား!!ဘယ်အတိုင်းအတာထိ အရာထင်ခဲ့သလဲ!!ဆိုတာကိုတော့Hubble IMAX နဲ့အတူ လိုက်ပါခံစားကြည့်ရှူပေးကြပါဦး။