The Architecture of Love HD

The Architecture of Love

Drama Romance HD 2024-04-30 7.2 110 Min

ဒီတစ်ခါမှာတော့ IMDb မှာ Rating ကောင်းကောင်းရရှိထားတဲ့Indonesian Romance Drama ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Ika Natassa ရဲ့ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့်Trauma တွေရှိနေကြတဲ့လူနှစ်ယောက် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက်အဝေးတစ်နေရာကို ထွက်ပြေးလာကြရင်း တစ်ယောက်ကိုတစ်ယောက်ရှာတွေ့သွားပြီးတော့ ချစ်မိသွားကြတဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဝတ္ထုစာအုပ်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကတော့ အပြစ်ပြောစရာမရှိလောက်အောင် ကောင်းမွန်ပါတယ်။Main character နှစ်ယောက်ကြားက chemistry ကလည်း အရမ်းလိုက်ဖက်ပြီးတော့ ဇာတ်လမ်းကို အဆုံးအထိရောက်အောင် ဆွဲခေါ်ပေးသွားပါတယ်။Drama Genre ဖြစ်တာနဲ့အညီ အချစ်၊အမုန်း ရသမျိုးစုံကို ခံစားရမှာဖြစ်ပြီးတော့Rating တွေကလည်း အရမ်းကောင်းတာကြောင့် ကြည့်ကြည့်ဖို့ကိုrecommend  ပေးပါတယ်။