ဒီဇာတ်ကားက တကယ်ကောင်းတဲ့ မက်ဆေ့တစ်ခုကို ထိထိမိမိပေးသွားတဲ့မိသားစု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို လုံးဝ ဆုံးရှုံးလိုက်ရတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ဇာတ်ကား အကြောင်းနည်းနည်းပြောရရင် အမေဖြစ်သူ ဆုံးသွားလို့ပူဆွေးသောကရောက်နေရှာတဲ့ ကောင်လေးတစ်ယောက်က တမလွန်မှာရောက်နေတဲ့ သူ့အမေနဲ့ ပြန်ပြီး ဆက်သွယ်ဖို့ ကြိုးစားတဲ့အကြောင်းဖြစ်ပါတယ်။ဇာတ်ကားထဲမှာ လေးနက်တဲ့ မက်ဆေ့တွေနဲ့ စိတ်လှုပ်ရှားစရာတွေပါဝင်တာမို့လို့ အခုပဲ ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ပါတော့ ..