ကိုယ်ရေးအတ္ထုပတ္တိဆိုရင် နာမည်ကြီးပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ဇာတ်လမ်းကိုပဲ ရေးလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝကိုဖော်ပြထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဂျီတန်ဒရာဆင်းဂ်ဂျပ်တူဆိုတဲ့သူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိလေးပေါ့။ ဂျပ်တူဟာ ဘဝကိုအေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ မိဘတွေနဲ့အတူ ဖြတ်သန်းနေရင်းနဲ့ပဲ တစ်နေ့မှာတော့ကောင်မလေးတစ်ယောက်ကို မြင်မိပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိလို့သွားပါတော့တယ်။မာနီဆိုတဲ့ နာမည်လေးတစ်ခုပဲ သိပြီးတော့ မာနီရှာပုံတော်ဖွင့်ပါတော့တယ်….ဒီလိုနဲ့ ဂျပ်တူ့ဘဝရဲ့ အချစ်အလွမ်း, ပျော်ရွှင်မှု, ဝမ်းနည်းမှု, ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ဘဝအခြေအနေတွေကို တင်ဆက်ပြသထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်ကားလေးဖြစ်ပါတယ်။