ဒီဇာတ်ကားလေးကတော့ Crime Thriller Genre အမျိုးအစားဖြစ်ပြီးတော့Director Tony Dean Smith ရိုက်ကူးထားကာ အဓိကသရုပ်ဆောင်တွေအဖြစ်Sienna Guillory, Jon Voight, Jamie Bamber တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Laura ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ကြုံတွေ့နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Sky နဲ့ အမှတ်မထင်တွေ့သွားပါတယ်။Sky ရဲ့အကြံပေးချက်နဲ့အတိုင်း Laura ဟာ သူ့ယောကျ်ားကိုသတ်ပြီးတော့ Skyနောက်ကိုလိုက်သွားပါတယ်။ အဲဒီဘဝအသစ်ထဲမှာ Laura နေနိုင်ပါ့မလား၊သူ့ဆုံးဖြတ်ချက်ကရော မှန်ကန်ရဲ့လား၊ Sky ရဲ့ကြေးစားလူသတ်သမားဘဝကLaura နဲ့ ကိုက်ညီမှုရှိရဲ့လား၊ Sky ရဲ့ တကယ့်ရည်ရွယ်ချက်ကရောဘာလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ကြရမှာပါ။ဇာတ်လမ်းအသွားက သပ်ရပ်ပြီးတော့ မထင်မှတ်ထားတဲ့ Plot Twist တွေအများကြီးနဲ့ ဇာတ်လမ်းအစကနေ ဆုံးတဲ့အထိ ခံစားမှုရသပေါင်းစုံကိုပေးစွမ်းပြီးတော့ ကြည့်ရှုသူတွေရဲ့စိတ်ကို ကစားနိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။