Napoleon Dynamite HD

Napoleon Dynamite

Comedy HD 2004-06-11 6.773 95 Min

IMDB rating 7 နဲ့ Rotten Tomatoes 72% ရရှိထားတဲ့ ဒီဇာတ်ကားဟာခုချိန်ထိအောင် quote တွေအများကြီးနဲ့ နာမည်ကျော်တဲ့ comdey/indie flim တစ်ခုပါ။ဇာတ်လမ်းကIdaho, Preston မြို့မှာနေတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသားအရွယ်နပိုလီယန်ဒိုင်းနမိုက်ဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ရဲ့မိသားစုရေးရာ၊ အချစ်ကိစ္စ၊ လူငယ်ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြတ်ကျော်တဲ့အကြောင်းပေါ့သူ့နေ့စဉ်ဘဝမှာ ပါဝင်တဲ့သူတွေက ကစ်ပ် ဆိုတဲ့ cage fighter ဖြစ်ချင်တဲ့အိမ်မှာပဲ ၂၄/၇ နေပြီး စော်နဲ့ အွန်လိုင်းကနေ chatting ထိုင်နေတတ်တဲ့ပိုးဟပ်ဖြူခန္ဓာကိုယ်နဲ့အစ်ကိုရယ်အတိတ်မှာ သူသာ ဒဏ်ရာမရခဲ့ရင် အခုချိန် ပြည်နယ်ချန်ပီယံဖြစ်နေလောက်ပြီဆိုပြီးယူကြုံးမရဖြစ်နေလို့ အိမ်လိုက်ပတ်ပြီး ပစ္စည်းတွေ ဂျင်းထည့်ရောင်း ပိုက်ဆံစုပြီးအချိန်ခရီးသွားစက်ဝယ်ဖို့ပြင်နေတဲ့ ဦးလေးဖြစ်သူ အန်ကယ် ရီကို ရယ်ကျောင်းမှာ သိပ်ဝင်မဆံ့တဲ့ နပိုလီယန်ရဲ့တစ်ဦးတည်း‌သောသူငယ်ချင်းကျောင်းပြောင်းလာတဲ့ စပိန်သား အင်္ဂလိပ်စကားမပီတပီ ပက်ဒရို ဆိုတဲ့ကောင်လေးရယ်ကောလိပ်တက်ဖို့ တိုလီမိုလီ လက်လုပ် accessory တွေနဲ့ အလှဓာတ်ပုံရိုက်ဆရာလုပ်ပြီးပိုက်ဆံစုနေတဲ့ဒက်ဘ် ဆိုတဲ့ကောင်မလေးရယ်သူ‌တို့တွေနဲ့ နပိုလီယန်ရဲ့ အခက်အခဲအရှုပ်အထွေးတွေကို ဖြေရှင်းဖြတ်သန်းကြတာကို ကြည့်ရမှာပါဒီကားက ပထမဆုံးအကြိမ်ကြည့်ရင် နားမလည်ဘူးထပ်ခါထပ်ခါ အေးအေးဆေးဆေး ပြန်ကြည့်မှ ဇာတ်ကားရဲ့သဘောကို နားလည်ရမယ့် ဇာတ်ကားမျိုးပါ။CM ပရိသတ်ကြီးလည်း ဘယ်လိုခံစားရမလဲသိရအောင် ကြည့်ရှုခံစားကြည့်ကြပါဦး