ချွန်းဆောင်းဂွန်း (Kim Soo Ro) ဟာ ဂန်းနမ်မှာရှိတဲ့အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေအပေါ် ချစ်ခင်တဲ့အပြင် မဟုတ်တာတွေလုပ်ရင်လည်း ဆုံးမလေ့ရှိသူပါ။တစ်ရက်မှာတော့ ချွန်းဆောင်းဂွန်း အလုပ်လုပ်နေတဲ့ကျောင်းဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့်အားကစားဆရာအရေအတွက်ကို လျှော့ချပြီး အင်္ဂလိပ်စာဆရာအရေအတွက်ကို တိုးမြှင့်လာတဲ့အခါမှာတော့ချွန်းဆောင်းဂွန်းတစ်ယောက် အလုပ်ထွက်ရဖို့ဖြစ်လာပါတော့တယ်။သို့သော်လည်း ဒီကျောင်းကထွက် ဒီကျောင်းကို ချစ်မြတ်နိုးတဲ့ ချွန်းဆောင်းဂွန်းတစ်ယောက်ဟာအလုပ် မထွက်ရဖို့အရေး .. သူ မကျွမ်းကျင်တဲ့ အင်္ဂလိပ်စာဘာသာရပ် သင်ကြားရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ…..သူ့တပည့်တွေကို လမ်းမှားမရောက်အောင် ဘယ်လို ထိန်းကျောင်းပေးသွားမလဲ…..ဆရာနဲ့ တပည့်တွေကြားက သံယောဇဉ်ကြီးမားပုံကို ရသစုံလင်စွာ ထည့်သွင်းရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာမို့လို့ ကြည့်ရှုခံစားကြည့်ပါဦးနော် ..