အသစ်ထွက်ရှိထားတဲ့ Slice of life အမျိုးအစားဆန်ဆန်ဟင်ဒီစကားပြော ဟာသဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။မီတက်ရှ်ဆိုတဲ့ ကောင်လေးဟာ လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ခုကစားပွဲထိုးလေးတစ်ယောက်ရှိပါတယ်။သူဟာ စားပွဲထိုးတစ်ယောက်ပေမဲ့ ရည်မှန်းချင်ကြီး ကြီးပွားလိုစိတ်ရှိသူဖြစ်ပါတယ်။သူတို့ လက်ဖက်ရည်ဆိုင်နားမှာ ခမ်းနားတဲ့အိမ်ကြီးတစ်လုံးရှိပြီးအဲဒီအိမ်ကြီးဟာ မီတက်ရှ်ရဲ့ အိပ်မက်ထဲကအိမ်ကြီးပေါ့။စ်တွေကြာလာတဲ့အချိန်မှာ မီတက်ရှ်ဟာ မိသားစုနဲ့ အိမ်နဲ့ကားနဲ့ပြည့်ပြည့်စုံစုံရှိတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ပေမဲ့သူ့ရဲ့အိမ်မက်အိမ်ကြီးကိုတော့ ဝယ်နိုင်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ မီတက်ရှ်တစ်ယောက် လက်မလျှော့ဘဲအဲဒီအိမ်ကြီးကိုရပြီ နည်းမျိုးစုံသုံးပြီးကြိုးစားပုံကိုဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။