ဒီကားလေးကတော့ နာကျင်မှုတွေကို မခံစားရတဲ့ ကောင်လေးနဲ့သွေးမတိတ်တဲ့ရောဂါရှိတဲ့လူနာ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့Romance Movie လေးပဲဖြစ်ပါတယ်။မင်းသား Kwon Sang Woo နဲ့ မင်းသမီး Jung Ryeo Won တို့ ပါဝင်သရုပ်ဆောင်ထားပြီးင်းသားကြီး Ma Dong Seok လည်းပါဝင်ထားလို့ Action scene တွေကိုလည်းစိတ်ဝင်တစား ကြည့်ရမယ့် Movie ကောင်းလေးပါနော် ..နမ်ဆွန်း (Kwon Sang Woo) ကတော့ မိသားစုရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာစိတ်ဒဏ်ရာတွေရပြီး နာကျင်မှုကို မခံစားရတော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ..လက်ရှိမှာတော့ ဘုံးနို (Ma Dong Seok)နဲ့ လက်တွဲအလုပ်လုပ်ရင်းသူ့ကိုယ်သူ အနာခံ အထိုးခံအနေနဲ့လုပ်ပြီးအတိုးကြီးစားငွေချေးသမားတွေအတွက် ပိုက်ဆံလိုက်ကောက်ပေးတဲ့သူတစ်ယောက်ပါ ..ဒုံဟျွန်း(Jung Ryeo Won)ကလည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရပြီးမိဘတွေရဲ့ ဆေးရုံစရိတ်တွေကြောင့် အကြွေးနွံနစ်နေတဲ့အပြင်သူ့ရဲ့သွေးမတိတ်တဲ့ရောဂါအတွက်ပါ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရပါတယ် ..တစ်နေ့မှာတော့ နမ်ဆွန်းနဲ့ ဘုံးနိုက ဒုံဟျွန်းဆီကနေ အကြွေးသွားကောက်ဖို့ ဖြစ်လာပါတော့တယ် ..ဘုံးနိုက သူ့မိန်းမရဲ့ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက်ဒုံဟျွန်းနောက်ကို လိုက်ပြီးအကြွေးကောက်ဖို့ရာက နမ်ဆွန်းရဲ့တာဝန်ဖြစ်လာခဲ့ပါတယ် ..ပေးစရာပိုက်ဆံမရှိတဲ့ ဒုံဟျွန်းနဲ့ မရမကအကြွေးလိုက်ကောက်နေတဲ့ နမ်ဆွန်းတို့ တွေ့တိုင်းစကားများရန်ဖြစ်ကြရင်းနှစ်ယောက်သား ဘယ်လိုသဘောကျသွားကြမှာလဲ ..မတူညီတဲ့ရောဂါတွေရှိနေတဲ့ သူတို့နှစ်ယောက်ကရော ဘယ်လိုဖေးမရင်း အတူတူဖြတ်သန်းသွားကြမှာလဲဆိုတာဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော်