ဒီဇာတ်ကားလေးကတော့ မိခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့ မိဘမေတ္တာ၊ စိုးရိမ်ပူပန်မှုတွေကိုအခြေခံပြီးနိုင်ငံရေးမတည်ငြိမ်မှုအကျိုးဆက်ကြောင့် မိခင်တစ်ယောက်သောကပွေရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက်အနက် ညီဖြစ်သူ အက်ဒဲလ်က လောင်းကစားခုံမင်သူဖြစ်ပြီးအစ်ကိုဖြစ်သူ ဂျက်ဆင်းက ရိုးသားကြိုးစားသူဖြစ်ပါတယ်။မုဆိုးမမိခင်ကြီးက အိပ်မက်တွေ မကောင်းတာကြောင့် သားငယ် အက်ဒဲလ်ကို ခေါ်ကာသားကြီးဂျက်ဆင်းဆီကို သွားပြီး ညီအစ်ကိုတွေ ပြန်ပြေလည်ဖို့ လုပ်ခဲ့ပါတယ်။ညီအစ်ကိုချင်းမပြေလည်ခဲ့ရတဲ့အကြောင်းကလည်း မိဘပိုင်မြေတွေကို ညီလုပ်သူကပေါင်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။မြေပြန်ရွေးနိုင်ဖို့အတွက် အစ်ကိုဖြစ်သူက မိသားစုလိုက် အလုပ်ကြိုးစားနေကြရပါတယ်။သူတို့ညီအစ်ကိုတွေဟာ မိခင်ကြီးရဲ့အိပ်မက်နိမိတ်ဆိုးတွေ တကယ်ဖြစ်မလာဖို့အတွက်ကန်ဒူလီဆိုတဲ့ ရိုးရာဓလေ့အရ လှူဒါန်းပွဲလုပ်ခဲ့ကြပါတယ်။ဒီအချိန်မှာပဲ စစ်တပ်က သူတို့မြို့တွေဆီကို လာရောက်တိုက်ခိုက်ကြတဲ့အခါညီအစ်ကိုချင်း ပြန်ပြေလည်အောင် လုပ်နိုင်ကြပါ့မလား…ဒီစစ်ပွဲကနေ သူတို့မိသားစု ဘေးကင်းစွာနဲ့ နေနိုင်ကြပါမလား…