Midas HD

Midas

Action Crime Thriller HD 2024-06-28 8 85 Min

ပရိသတ်တွေကို ဒီတစ်ခါမှာတော့ IMDb မှာရော Rotten Tomatoမှာရော Rating ကောင်းတွေရရှိထားတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့Laquan Copeland, Preet Kaur, Federico Parra တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Midas ဆိုတဲ့ အာမခံကုမ္ပဏီတစ်ခုမှာ Ricky ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့ပညာရေးကိုလိမ်လည်ပြီးတော့ အလုပ်ရသွားပါတယ်။ဒီအာမခံလုပ်ငန်းဟာ သူ့အတွက် အသစ်အဆန်းတစ်ခုဖြစ်တာကြောင့်အစပိုင်းမှာတော့ ရေလိုက်ငါးလိုက်ပဲ နေနေခဲ့ပါတယ်။ နောက်ပိုင်းမှာကုမ္ပဏီရဲ့ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေကို သိသွားတဲ့အခါမှာတော့သူ့သူငယ်ချင်းတွေနဲ့အတူ အဲဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ ကြိုးစားကြပုံကို အလှည့်အပြောင်းတွေများစွာနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။Story လေးက တကယ်ကိုမိုက်ပြီးတော့ ကြည့်နေရင်းနဲ့ ရှေ့ဆက်ဖြစ်မယ့်ဟာကို သိချင်လာအောင် နှိုးဆွပေးနိုင်တဲ့ ရသပေါင်းစုံပေးစွမ်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။