ဒီတစ်ခေါက်မှာတော့ အားလုံးအတွက်ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…Alibaba အကြောင်းကြားဖူးမယ်ထင်ပါရဲ့…ဒီကားထဲမှာ ချန်အစ်ကိုကြီးလည်း ဒီလိုပဲ သူ့ညီအစ်ကိုတွေနဲ့အတူအိမ်တွေက ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ပါတယ်…ဟုတ်ပါတယ်… သူခိုးကြီးပါ…ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီ ကိုခေါ်ပြီးတစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်..ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,,တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့တစ်ပတ်ရိုက်ပြေးချိန်မှာပဲ… ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်..အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့…ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့…မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့…ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား…ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ…ဘယ်လို အလှည့်အပြောင်းတွေရှိဦးမလဲဆိုတာဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်နော်…