ချစ်ပရိတ်သတ်တို့အတွက် မရိုးနိုင်တဲ့ မျောက်မင်းစွန်းဝူခုန်းကားကိုဗားရှင်းတစ်မျိုးနဲ့ ရောက်လာပြန်ပါပြီ… ဒီဇာတ်ကားလေးမှာတော့…အနောက်ခရီးသွား ထန်စန်းကိုယ်တော်နဲ့ စွန်းဝူခုန်းတို့ညီအစ်ကို ၃ ယောက်က ခရီးလမ်းမှာ…ဝူကျယ်ရွာလေးကို ကျော်ဖြတ်ခဲ့တဲ့ အခိုက်အတန့်မှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတာပါ..ဝူကျယ်ရွာမှာက ရှီထူလင်မျိုးနွယ်တွေနေခဲ့တယ်…ရှီထူလင်မျိုးနွယ်တွေက တောထဲ အမဲလိုက်ပြီးရှာဖွေစားသောက်နေထိုင်ကြသူတွေပေါ့…ဒါပေမယ့် နှစ်တစ်ထောင်ကျင့်စဉ်တွေကျင့်ပြီးတော့ အစွမ်းတွေရလာတဲ့မိစ္ဆာညီအစ်ကို ၃ ကောင် ( အမွှေးပြာခြင်္သေ့ကြီး၊ နှာမောင်းရှည် ဆင်ဖြူကြီးနဲ့ ရွှေရောင်အတောင်ပံရှင် ငှက်ကြီး) တို့ ကြီးစိုးချိန်ကစပြီး…ရှီထူလင်မျိုးနွယ်ဝင်တွေက လက်တစ်ဆုတ်စာလောက်ပဲကျန်တော့တဲ့အထိ လူမျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ရတယ်…ဒီအဖြစ်ပျက်ကို ကြုံတွေ့တဲ့ ထန်စန်းကိုယ်တော်တို့ ဆရာတပည့်တွေကထုံးစံအတိုင်း မိစ္ဆာတွေလက်ထဲက အဖမ်းခံရလူသားတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် ဘယ်လို အကွေ့အကောက်တွေ ကြုံတွေ့ရမယ်..ဘယ်လိုတွေ ကြိုးစား ကယ်တင်ခဲ့ရတယ်ဆိုတာကတော့ဇာတ်ကားလေး ပုံဖော်ပြပါလိမ့်မယ်..