2016ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယမှုခင်းဒရာမာဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါရစေ။မင်းသား ရှစ်ဗ်ပန်ဒစ်နဲ့ မင်းသမီး ဆန်ဒီပါဒါးတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်း။အာဂျွန်ဆိုတာ နယ်မြို့လေးကရဲတစ်ယောက်။ ချစ်သူနဲ့တွေ့ဖို့ မွမ်ဘိုင်းကိုအလာ ချစ်သူကမွမ်ဘိုင်းတရားရုံးချုပ်မှာရောက်နေတဲ့အတွက် ချစ်သူရှိရာကိုအသွား…။ဇာတ်အလှည့်အပြောင်းတွေကြောင့် ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အာဂျွန်ကနေ မွမ်ဘိုင်းတရားရုံးချုပ်မှာဓားစာခံခုနစ်ဦးဖမ်းထားတဲ့ ပြန်ပေးသမားဖြစ်သွားခဲ့ပါတယ်။သူနဲ့ညှိုနှိုင်းဖို့အတွက် အာဂျွန် တောင်းဆိုတာကတော့ မွမ်ဘိုင်းရဲ့ ခပ်ကြမ်းကြမ်းရဲအရာရှိအမျိုးသမီး ရှုကလာ။ရှုကလာရောက်လာချိန်မှာ အာဂျွန်တောင်းဆိုတာက သူ့အတွက်အမှုတစ်ခုလိုက်ပေးဖို့ဓားစာခံခုနစ်ယောက်နဲ့ အလဲအလှယ်လုပ်ပါတော့တယ်။