Shriek If You Know What I Did Last Friday the Thirteenth HD

Shriek If You Know What I Did Last Friday the Thirteenth

Comedy HD 2000-10-17 4.682 86 Min

ဟော်ရာပရိသတ်တွေဆို Scream, Friday the 13th, I Know What You Did Last Summer အဲဒီဇာတ်ကားတွေကို သိကိုသိကြမှာပါ။ ဒါကတော့ Scary Movie တွေလိုပဲ အဲဒီသုံးကားလုံးကို ဟာသလုပ်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုခွီရပါလိမ့်မယ်။ ဒါပေမဲ့ Friday the 13th ကိုတော့ သိပ်မတွေ့သလိုပါပဲ။ အဲဒီထက် ပိုစိတ်မကောင်းစရာက ၁၈ ပက်လက်မပါတာပါပဲ။ Parody တွေထုံးစံ အနည်းအကျဥ်းတော့ သဘောလောက် ပါတယ်ဆိုပေမဲ့ မူရင်းကားတွေလောက်တော့ အားရစရာကောင်းလောက်အောင် ပါတာမဟုတ်ဘူးပေါ့ဗျာ။အဲဒီသုံးကားကိုတင်မဟုတ်ဘဲ တခြားကားတွေ၊ လူတွေကိုလည်း ကြုံရင်ကြုံသလို ဖဲ့ပါသေးတယ်။ ဖဲ့တဲ့ထဲမှာ သူ့လိုမျိုး ဇာတ်ကားတွေကို ဟာသပုံစံပြန်ပြောင်ထားတဲ့ ဇာတ်ကားတွေကိုပါ ဖဲ့လိုက်ပါသေးတယ်။Scary Movie တွေလောက် ကောင်းတဲ့ထဲမှာမပါပေမဲ့ ဖျော်ဖြေမှုအရတော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။