Strange Tales of Mountain Folk HD

Strange Tales of Mountain Folk

Thriller Mystery HD 2024-09-10 8.3 74 Min

ဒီတစ်ခါမှာ  ပရိသတ်တွေအတွက်ဘဝအမောပြေပျောက်စေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ တူလုံဆိုတဲ့ရွာလေးတစ်ရွာမှာညဘက်ဆိုလူတွေကိုလိုက်ဖမ်းစားနေတဲ့သရဲမရှိတယ်ဆိုပြီးပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေအပေါ်မိစ္ဆာဖမ်းဆီးတဲ့ဆရာကြီး လင်နဲ့သူ့တပည့် ရူယွဲ့တို့ကဒီနောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့အတွက်တူလုံဆိုတဲ့ရွာကိုသွားခဲ့တာပေါ့။ဒီလိုနဲ့ လမ်းမှာတင်တူလုံရွာသူကြီးနဲ့လက်အောက်ငယ်သားတွေကို မကောင်းဆိုးဝါးတစ်ကောင်ဖမ်းဆီးနေတာကို မြင်သွားပြီး တားဆီးခဲ့ပေမဲ့မမှီလိုက်တော့နောက်တစ်နေ့မှာ ဝမ်လူဆိုးထိန်းတို့ကိုမုံရွာသူကြီးက သွားတိုင်ကြားခဲ့တယ်။ဒီလိုနဲ့ရွာသူကြီးလက်အောက်ငယ်သား မုံကယ်ကညကမကောင်းဆိုးဝါးမြင်ခဲ့တာကြောင့် ရူးသွားတာကိုရွာဓလေ့နတ်ဆရာမဖေးရှန်းအဖွားကနတ်မကောင်းဆိုးဝါးတွေ ပင့်ဆောင်ပြီးဝိဉာဉ်ပြန်ခေါ်ပွဲ ကျင်းပခဲ့တယ်။သို့ပေမဲ့ မုံကယ်ကအတင်းရုန်းရင်းမီးတောထဲခုန်ချသေသွားခဲ့ပြီး ဖေးရှန်းအဖွားကလည်းကွေဘုရားကျောင်းရှိရာဆီ ထွက်သွားခဲ့တယ်။ဒါကိုဆရာကြီး လင်ကကွေဘုရားကျောင်းမှာသဲလွန်စရှိမယ်ဆိုတဲ့အတွေးနဲ့ ဖေးရှန်းအဖွားကိုကွေဘုရားကျောင်းသွားမယ့်လမ်းကြောင်း ပြောပြခိုင်းပေမဲ့ အဖွားကဘုရားကျောင်းနားကပ်လို့မရကြောင်း၊ကပ်ဘေးဆိုက်မယ်ဖြစ်ကြောင်းရေတွတ်နေတဲ့အပေါ်ဆရာကြီး လင်ကသံသယတွေဝင်သွားစေခဲ့တယ်။ဒီ့အပြင် ရွာမှာမြွေတွေသောင်းကျန်းနေတာကြောင့်ရွာသူကြီးကဝမ်လူဆိုးထိန်းတို့ကိုတစ်ခါတည်းမြွေရှင်းလင်းခိုင်းဖို့အကူအညီတောင်းခဲ့ရာကနေ ဘုရားကျောင်းရှိရာတောနက်ထဲဝင်သွားတဲ့အချိန်မှာတစ်လမ်းလုံး ဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံနဲ့တွေ့ကြုံခဲ့ကြပြီးတွေ့ကြုံလာတဲ့အန္တရာယ်တွေကနေတစ်စ တစ်စစီသဲလွန်စတွေထွက်ပေါ်လာတဲ့အခါမှာ ဒီမကောင်းဆိုးဝါးဆိုတာတကယ်ကြီးရှိနေတာလား။ဘာကြောင့်များဖြစ်ပေါ်လာရတာလဲ။ဒီရွာကဘယ်လိုတွေထူးခြားမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးကနေဖော်ပြသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရူလိုက်ရအောင်