Ghost Stories HD

Ghost Stories

Horror HD 2020-01-01 5.033 144 Min

ဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ် သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရောသေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီးဇတ်ဝင်ခန်းတွေ ရဲ့ တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်…အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့…ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ်အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်…ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီးတကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေ တကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်Jump Scare တွေ မပါတဲ့ ဟာမျိုးထဲက အကောင်းဆုံးပြောပါဆိုရင်The Haunting of Hill House ကိုပဲ ညွှန်းရမှာပဲအရမ်းနည်းပြီး တွေးတွေးပြီး ကြောက်ခိုင်းတာမျိုး…ဒီ India ရုပ်ရှင်က တစ်ခုသာတာက ရုပ်ရှင်ကားတစ်ခုလုံးရဲ့အသံပိုင်းဆိုင်ရာနဲ့ ဆက်တင်တွေပဲ….ပေါကားလို့ လဲ ပြောချင်ပေမဲ့ ပေါကားဘက်လဲ မရောက်ဘူးနိုင်ငံတကာမှာ Horror ရုပ်ရှင်တွေက IMDb Rating ကိုကောင်းကောင်းကန်းကန်း ရတာ အင်မတန် ရှားတယ်IMDb ကို သွားမကြည့်ပဲ အစအဆုံး ကြည့်လိုက်တာမှအချိန်တစ်ခု ပေးရကျိုး နပ်သွားမယ် ထင်တာပဲပြောရရင်တော့ ပျင်းဖို့ မကောင်းသလို အရမ်းကြီးကြောက်ရတာမျိုး မရှိပေမဲ့ အသံနဲ့တော့ ကောင်းကောင်းကြီးသင့်ကို ခြောက်လှန့်နိုင်မှာပါ