Midnight Inn HD

Midnight Inn

Thriller Mystery HD 2024-09-05 7 88 Min

သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက်Midnight Inn ဆိုတဲ့ တရုတ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……စန်းကန်းတည်းခိုခန်းဟာ လူသေရော လူရှင်ရော တည်းခိုဖို့လက်ခံတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အရှေ့ခြံမှာ မီးဖြူထွန်းပြီးဖြတ်သွားဖြတ်လာခရီးသည်တွေကို ကြိုဆိုပြီး အနောက်ခြံမှာမီးနီထွန်းပြီး မသင်္ဂြိုလ်ရသေးတဲ့ လူသေတွေကို လက်ခံပါတယ်။ဒီစန်းကန်းတည်းခိုခန်းအတွက် ကြောက်စရာကောလာဟလတွေလည်း အများကြီး ရှိခဲ့တာပေါ့။မိုးသည်းတဲ့ ညတစ်ညမှာ စန်းကန်းတည်းခိုခန်းမှာ ဆိုက်ရှန်ရှန်းရဲ့အလောင်းကို လာရှာတဲ့ လူ ၂ ယောက် ရောက်လာပါတယ်။ဂုဏ်သရေနဲ့ပြည့်ဝတဲ့ သူဌေးကတော်နဲ့ နာမည်ကြီးပြဇာတ်ကဇာတ်ဆောင်မင်းသားကြီးတစ်ယောက်ပေါ့။သူတို့နှစ်ယောက်ကနေပြီး ဆိုက်ရှန်ရှန်းရဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ……လွန်ခဲ့တဲ့ ၁၀ နှစ်က အန်းမိသားစုမှာ ဖြစ်ခဲ့တဲ့၂ လောင်းပြိုင် လူသတ်မှုရဲ့ တရားခံက ဘယ်သူဖြစ်မလဲ……ဆိုက်ရှန်ရှန်းက တကယ်ပဲ သူတို့ပြောသလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်လား……လူ့စိတ်ကို တကယ်ခြောက်လှန့်နေတဲ့အရာက ဘာဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်ထဲမှာ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့တင်ဆက်ပေးထားတာမလို့ ဆက်ကြည့်လိုက်ရအောင်နော်။