ဒီဇာတ်ကားလေးကတော့ သဘာဝလွန် paranormal ဇာတ်ကားတွေကြည့်ရတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျမယ့်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။Horror genre တစ်မျိုးတည်းတင်မဟုတ်ဘဲနဲ့ Fantasy, Sci-fi genreတွေကို ဇာတ်ကားတစ်ကားထဲမှာ ခံစားချင်တဲ့သူတွေ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ဇာတ်လမ်းကို အလယ်ခေတ် အင်္ဂလန်နိုင်ငံမှာ တည်ထားပါတယ်။ဥရောပတိုက်မှာ အလယ်ခေတ်တုန်းကဆိုရင် စုန်းတွေကိုအယူသီးကြပါတယ်။ထူးဆန်းတာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ စုန်းတွေကို အပြစ်ပုံချကြပြီးတော့စုန်းလို့သံသယဝင်တဲ့သူတွေကို ကြိုးပေးပြီးကွပ်မျက်ကြပါတယ်။ဒီရုပ်ရှင်ရဲ့ story ကလည်း အဲဒီအပေါ်မှာအခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ပန်းပဲဆရာ William ဟာသူ့မိန်းမနဲ့အတူ ရိုးရိုးသားသား အသက်မွေးနေတဲ့သူပါ။ တစ်နေ့မြို့ထဲမှာလူသတ်မှုတစ်ခုဖြစ်သွားပြီးတော့ လူသတ်သမားဟာ William ရဲ့မိန်းမTwyla ကို စုန်းမလို့စွပ်စွဲလိုက်ပါတယ်။ စုန်းမလို့စွပ်စွဲခံရတဲ့သူတွေကိုစစ်ဆေးမေးမြန်းခြင်းမရှိပဲ ကွပ်မျက်တာကိုသိနေတဲ့ William ဟာသူ့မိန်းမကို ကယ်တင်ဖို့ကြိုးစားပုံကို ကြည့်ရမှာဖြစ်ပါတယ်။အလှည့်အပြောင်းတွေများစွာနဲ့အတူ ဇာတ်လမ်းက အင်မတန်စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကြည့်နေတဲ့ပရိသတ်ကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။