ဇာတ်လမ်းအကျဉ်းကတော့ ကမ်းစပ်နားကမြို့လေးတစ်မြို့မှာငါဖမ်းရင်းအသက်မွေးကြတဲ့တံကးငါသည်တွေဟာ သားပေါက်ရာသီမှာတောင်ငါးတွေမရတဲ့အတွက် ရဲမှူးကြီးစကစ်ကိုတိုင်နေကြတယ်။ဒါ့အပြင်ပင်လယ်ထဲကိုငါးဖမ်းထွက်သွားတဲ့ ဘေလ်တို့အုပ်စုကတစ်ကောင်ကောင်တိုက်ခိုက်လို့ သူ့သင်္ဘောသားတွေအစအနမကျန်ပျောက်သွားကြောင်းသတင်းပို့တိုင်ကြားတယ်။စကစ်လည်း အမျိုးမျိုးစစ်ဆေးပေမယ့်အဖြေမရတဲ့အခါ အခြားမြို့ကအဏ္ဏဝါဇီဝဗေဒပညာရှင် ဂျွန်ဘာတန်ကိုခေါ်လိုက်ရတယ်။ရှာဖွေနေရင်းနဲ့ ကမ်းစပ်မှာ လူ့အလောင်းရှာတွေ့လိုစစ်ဆေးကြည့်ကြတယ်။ငါမန်းတွေ ကင်းမွန်ငါးတွေတိုက်ခိုက်တဲ့ပုံစံမဟုတ်ဘဲ အခြားထူးဆန်းတဲ့သတ္တဝါမှန်းသိလိုက်ရတဲ့အခါမှာတော့….