Japan Horror ပရိသတ်ကြီးအတွက် ပဟေဋိဆန်ဆန်ထိတ်လန့်စေမဲ့ကားစိမ်းစိုလှပတဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ အေးချမ်းမှုကိုခံစားနေတဲ့မိန်းကလေးတစ်ယောက်တွေ့ကြံလိုက်ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်…။ဆောက်လုပ်ပြီးချိန်တည်းက သူ့ထံမှာလာခိုနားသူတွေကို ခင်မင်ရင်းနှီးစိတ်ဝင်ခဲ့တဲ့အိုဆာကာမြို့လယ်က တိုက်ခန်းနံပါတ် 1313 ၊ ပထမဆုံးပိုင်ရှင်က စီးပွားရေးကျသွားလို့သူ့ကိုအရောင်းတင်ပြီးအကြာကြီးလူမနေဘဲရှိနေတော့ အထီးကျန်မှုတွေခံစားလာရတဲ့ တိုက်ခန်းနံပါတ် 1313….။အဲဒီအချိန်မှာ မီအိုဆိုတဲ့ကောင်မလေးက သူ့ဆီကိုရောက်လာခဲ့ပြီးသူ့ကိုသက်ရှိတစ်ယောက်လိုနှုတ်ဆက်ပြောဆိုမှုတွေမှာ ပိုသဘောကျသွားမိတယ် ။တစ်နေ့ မီအိုခေါ်လာတဲ့လူတစ်ယောက်က မီအို့ကိုအသက်အန္တရာယ်ပေးတဲ့အချိန်သူ့အပေါ်သံယောဇဉ်တွယ်နေတဲ့တိုက်ခန်းက ကာကွယ်ပေးဖို့ကြိုးစားရာကထူးဆန်းတဲ့ထိတ်လန့်စရာတွေဖြစ်လာခဲ့တယ် ။သရဲတို့ဝိညာဉ်တို့ဆိုတာထက် ကို့ဘေးကအရာတွေကရုတ်တရက်ချောက်ချားစရာဖြစ်သွားတဲ့ပုံစံမျိုးရှုစားရမဲ့ကားဖြစ်ပါတယ်