ဒီရုပ်ရှင်ကားကတော့ ဒတ်ရှ်စကားပြော နယ်သာလန်ရုပ်ရှင်ကားဖြစ်ပါတယ်။နယ်သာလန်ရဲ့ အိမ်နီးချင်းနိုင်ငံ Veragua ဟာ ရုတ်တရက် Curacao နဲ့ Aruba ဘာအကြောင်းပြချက်နဲ့၀င်တိုက်မှန်းမသိ၀င်တိုက်ပါတော့တယ်…တိုက်ပွဲတွေကြား Veragua မှာ လူတစ်ချို့ပိတ်မိနေပြီး သံအမတ် Caan လဲအပါအ၀င်ဖြစ်တာကြောင့်လွတ်မြောက်ရန်ကြိုးပမ်းလာပါတယ်…တိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာတာကြောင့် လူအင်အားလဲနည်းလာတဲ့အတွက် မစ်ရှင်မှာပူးပေါင်းပါဝင်ဖို့ရေတပ်သင်တန်းဆင်းတပ်သားလေးများအား စေလွှတ်လိုက်ရပါတော့တယ်…ရေတပ်အဖွဲ့အနေနဲ့ ပေးထားတဲ့မစ်ရှင်ကိုဆောင်ရွက်နိုင်မလား…နယ်သာလန်အစိုးရက ဒီတိုက်ခိုက်မှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ….။