Island of Time HD

Island of Time

Drama Horror Mystery HD 2015-11-26 6 105 Min

ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Oh Ji Hoနဲ့True Beauty ထဲက မင်းသမီးလေး Moon Ga Young တို့ ပါဝင်ထားတဲ့Island of Time ဆိုတဲ့ ရုပ်ရှင်ကား အဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇနီးနဲ့ သမီး သေဆုံးသွားပြီးတဲ့နောက်မှာ ဂျွန်းဟျော့ (Oh Ji Ho)ဟာမွေးရပ်မြေ ဂျယ်ဂျူကျွန်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဂျယ်ဂျူကျွန်းက အိမ်အိုကြီးထဲမှာ သူတစ်ယောက်တည်း လာရောက်နေထိုင်ခဲ့ပြီးသတ်သေဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်။ဒီအိမ်ကြီးကို ဂျွန်းဟျော့ ရောက်မလာခင် တခြားလူတွေလည်း ပြောင်းလာဖူးကြပေမဲ့အကုန်လုံးက ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ကြုံရပြီးတဲ့နောက်မှာ ဆက်မနေနိုင်ကြတော့ဘဲအိမ်ကြီးကို စွန့်ခွာသွားကြပါတယ်။ဒါပေမဲ့ ဂျွန်းဟျော့ကတော့ ဒီအိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို သိလာရပြီးနောက်မှာအတွေးတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲဒီ အိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်က ဘာဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ကြည့်ရှူပေးကြပါဦးနော် ..