ခရစ်ရှ်နား (Ajay Devgn) ဟာ လူသတ်မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့်အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင်ထောင်ကလွတ်တော့မှာပါ။ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်းစာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကိုမရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်းဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။