တောာင်ပိုင်းရုပ်ရှင်ကြိုက်နှစ်သက်သူတို့ ရယ်မောပြုံးပျော်ရစေဖို့တလေဂူးအချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ကာသစ်ခ်ဆိုတာ ဟိုက်ဒရာဘတ်ကို တက်အလုပ်လုပ်ရင်းသူ့ဇာတိသူမပြန်ချင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်။ကိုဗစ်ကြီးဖြစ်လို့ ပထမလော့ခ်ဒေါင်းနဲ့ ဒုတိယလော့ခ်ဒေါင်းကြားကာလအချိန် Work from homeဖြစ်သွားတော့သူ့ဇာတိက မိဘတွေအိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ဇာတိသူ မပြန်ချင်ရတာကလည်း သူ့မိသားစုနဲ့ သူ့ဘော်ဒါနှစ်ကောင်ကြောင့်တဲ့။မပြန်မဖြစ် ပြန်လာပြီးတဲ့နောက် မိသားစုနဲ့ ဘော်ဒါနှစ်ကောင်ကလည်း ရှောင်လွဲမရတော့မောင်ကာသစ်ခ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ရတာပေါ့။ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး ချစ်မိသွားချိန်မှာတော့ကာသစ်ခ်တစ်ယောက် ဇာတိမြို့မှာပျော်လာခဲ့ပေမဲ့သူ့အချစ်ရေးမှာ ဇာတ်ရှုပ်လေးတွေရှိလာတဲ့အခါမှာတော့…။