Tatami HD

Tatami

Drama Thriller Mystery HD 2024-03-08 8.1 105 Min

ယခုတစ်ခါမှာတော့ ဂျူဒိုအားကစားပြိုင်ပွဲအကြောင်းကိုဂျူဒိုအားကစားသမားဖြစ်တဲ့ လေလာဟာ သူ့ရဲ့နည်းပြဖြစ်သူ မာယမ်နဲ့အတူကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တီဘ်လီစီမြို့ကိုရောက်ရှိလို့လာခဲ့ပါတယ်။လေလာဟာ လက်တွဲဖော်ကောင်းဖြစ်တဲ့ သူ့အမျိုးသားနာဒါနဲ့အတူ သူငယ်ချင်းများရဲ့ အားပေးမှုကို ရရှိပြီးတော့ဒီပွဲစဉ်အတွက် ခွန်အားတွေအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ လေလာဟာ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးကိုဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ ကြိုးစားတိုက်ခိုက်ပါရင်း တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလို့လာခဲ့ပါတော့တယ်။တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အချိန်မှာပဲ သူတို့အသင်းရဲ့ ခေါင်းဆောင်ပိုင်းထဲကနေလေလာ့ကို ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ဖို့အတွက် နည်းပြဖြစ်သ မာယမ့်ဆီကို ဆက်သွယ်ပြီးပြောပါတော့တယ်။ည်းပြဖြစ်သူ မာယမ်ဟာလည်း ဒီကိစ္စကို လက်မခံဘဲနဲ့ လေလာ့ကို ဆက်လက်ပြီးတော့ ပြိုင်စေခဲ့ပါတယ်။ဒီလိုနဲ့ပဲ လေလာတစ်ယောက် ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးမှာ မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်ကို ပိုင်ဆိုင်နိုင်မှာလား ……အထက်ကပေးတဲ့ဖိအားတွေကို နည်းပြမာယမ်တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကိုကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။