2023 မှာထွက်ရှိခဲ့တဲ့ Hypnosen ကို ဒါရိုက်တာ Ernst De Geerရိုက်ကူးထားပြီး Comedy/ Drama အမျိုးအစားပါ ။Asta Kamma August, Herbert Nordrum နဲ့ Andrea Edwardsတို့ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိအချိန်မှာ RottonTomato reviews 94% ရှိတဲ့ Social Commentary ဇာတ်လမ်းတစ်ပုဒ်ပါ။ Modern day Business scene ကို မသိမသာ Satireလုပ်ထားပြီး ကြည့်နေရင်း main casts တွေရဲ့အပြုအမူတွေကြောင့်ထသွားချင်လောက်ပေမဲ့ အောင့်အီးသည်းခံပြီးဆက်ကြည့်စေချင်လောက်မဲ့ dry humour အပြည့်နဲ့ရုပ်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်….Andre နဲ့ Vera တို့ စုံတွဲနှစ်ဦးဟာ နာမည်ကြီး pitch competitionတစ်ခုဖြစ်တဲ့ shake up မှာ သူတို့ရဲ့ အမျိုးသမီးကျန်းမာရေး app ကိုဝင်ရောက် pitch လုပ်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ပြိုင်ပွဲမစခင် စိတ်ဖိစီးနေတဲ့ Vera ဟာ ဆေးလိပ်ဖြတ်ဖို့ရာ အိပ်မွေ့ချကုထုံးလုပ်ခဲ့ပြီးနောက် သူမရဲ့အပြုအမူတွေ တဖြည်းဖြည်းထူးဆန်းပြောင်းလဲလာပါတော့တယ်……