The Chapel HD

The Chapel

Drama Horror HD 2023-11-17 5.067 0 Min

၁၆၃၁ ခုနှစ် ပလိပ်ရောဂါတွေပြန့်နှံ့လာတဲ့အခါ ငှက်လူသားလို့ခေါ်တဲ့သူတွေဟာပလိပ်ရောဂါဖြစ်နေသူတွေကို ဘုရားကျောင်းကြီးထဲမှာ ရာသက်ပန်အကျဉ်းချဖို့ ခေါ်သွားကြပါတယ်။ခေါ်သွားခံရသူတွေထဲမှာ အူဆိုရာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်လည်းပါ၀င်သွားရှာပါတော့တယ်။နှစ်တွေကြာပြီးတဲ့နောက်မှာ နတ်၀င်သည်တစ်ယောက်ဟာ ဒီရဲတိုက်ကြီးထဲကနေမိန်းကလေးတစ်ယောက်ရဲ့ငိုသံကို အမြဲကြားနေရတယ်လို့ပြောကာအဲဒါက အရုပ်လေးကျပျောက်သွားလို့ ငိုနေတဲ့ အူဆိုရာရဲ့၀ိဉာဉ်လေးလို့ဆိုပါတယ်။ဒါကြောင့် နှစ်တိုင်းရဲ့ အောက်တိုဘာ ၂၉ရက်နေ့တိုင်းမှာ ရဲတိုက်ကြီးကို၅ ရက်တိုင်တိုင်ဖွင့်လှစ်ပေးပြီး ကလေးမလေးကို ၀ိဉာဉ်ကိုနှစ်သိမ့်ဖို့ရာလက်ဆောင်တွေ ယူလာပေးကြတဲ့ဓလေ့ဖြစ်လာပါတယ်။အဲဒီနောက် အသည်းအသန်နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရင်မိခင်နဲ့အဆက်အသွယ်မပြတ်ဖို့ နတ်၀င်သည်ဖြစ်ချင်နေရှာတဲ့ အီမာဆိုတဲ့ကလေးမလေးဟာဒီပုံပြင်ကိုကြားပြီးတဲ့နောက်မှာ အူဆိုရာနဲ့သူငယ်ချင်းအဖြစ်မိတ်ဖွဲ့ဖို့ ကြိုးစားပါတော့တယ်။အီမာလေးရယ် ဘုရားကျောင်းကြီးရယ် နတ်၀င်သည်တွေရယ်နဲ့ ဒီဇာတ်လမ်းမှာဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ ပရိသတ်ကြီးတို့ပဲ ရင်တဖိုဖိုနဲ့ စီးမျောခံစားပေးကြပါဦးဗျာ..