The Demon Disorder HD

The Demon Disorder

Horror HD 2024-08-16 5 86 Min

တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့‌သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိIMDb Rating 5.0 အထိရရှိထားပါတယ်။ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုးမဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းကိုဂရေဟမ် ဂျိတ်နဲ့ ဖေးလစ်တို့ညီအစ်ကို ၃ ယောက်နဲ့သူတို့အဖေနဲ့ရှိခဲ့ဖူးတဲ့အရင်က အတိတ်အကြောင်းတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။သူတို့အဖေမဆုံးပါးခင်တုန်းက လုံး၀ဖြေဆေးမရှိတဲ့အပြင် အရမ်းကြောက်စရာကောင်းတဲ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ အဖေဆုံးပါးပြီးတဲ့နောက်မှာ အဲ့ဒီရောဂါဆိုးကြီးကပြီးသွားလားဆိုတော့လည်း မပြီးသေးပါဘူး။ဖေးလစ်ဆိုတဲ့ညီအငယ်ဆုံးဆီကို အဲ့ဒီရောဂါကပြောင်းရွှေ့လာခဲ့ပါတော့တယ်။ဂရေဟမ်က အဲ့ဒီဖိအားတွေကိုမခံနိုင်တော့ပဲ အိမ်ကနေထွက်လာပြီးတခြားတစ်နေရာမှာစက်ပြင်ဆရာသွားလုပ်နေပါတော့တယ်။ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့ညီအစ်ကို ၂ ယောက်ကြားမှာ အခြေအနေတွေကပိုဆိုးလာတဲ့အခါမှာတော့ ဂျိတ်က ဂရေဟမ့်ကိုအကူအညီလာတောင်းရပါတော့တယ်။ဒီလိုနဲ့ ညီအစ်ကို ၃ ယောက်ပြန်လည်ဆုံစည်းခဲ့ကြပြီး သူတို့ညီအငယ်ဆုံး ဖေးလစ်ဆီမှာကပ်တွယ်နေတဲ့ ရောဂါဆိုးကြီးကဘာလဲဆိုတာကိုအဖြေရှာပြီးနှိမ်နင်းနိင်ကြမလားဆိုတာကို အသည်းတယားယားနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။