Nice Girls HD

Nice Girls

Action Comedy Crime HD 2024-08-20 5.302 92 Min

ပြင်သစ်ဟာသဇာတ်လမ်း‌လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ လျူလီမန်ဟာ သူနဲ့မောင်နှမလိုရင်းနှီးတဲ့လူဒိုပျောက်လို့လိုက်ရှာနေပါတယ်။နှစ်ယောက်လုံးကစုံထောက်‌တွေဖြစ်ကြပြီး လူဒိုပျောက်တာဆယ်‌ရက်လောက်ရှိနေပါပြီ။တစ်ဖက်မှာလည်း နိုင်ငံတကာထိပ်သီးအစည်းအဝေးပွဲရှိတဲ့အတွက်ရဲဌာနတစ်ခုလုံးက လုံခြုံရေးပေးရဖို့အလုပ်ရှုပ်နေတဲ့အတွက်လျူလီမန်တစ်ယောက်ပဲ လူဒိုကိုအသည်းအသန်ရှာဖွေနေပါတယ်။အဲ့အချိန်မှာ လေဆိပ်မှာလူဒိုကိုရှာတွေပြီဆိုသတင်းကြားတာနဲ့သွားကြည့်တဲ့အခါမျှော်လင့်ထားသလိုမဟုတ်ဘဲ လူဒိုအလောင်းကိုသာပြန်ရပါတယ်။စုံထောက်တစ်ယောက်ကဂျာမနီမှာသေဆုံးတာဖြစ်တဲ့အတွက်သတင်းမပေါက်ကြားစေဖို့ပြည်ထဲရေးက အမိန့်ချလိုက်ပြီးစုံစမ်းဖို့အတွက်ဂျာမန်စုံထောက်တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ဂျာမန်စုံ‌ထောက်နဲ့ လျူလီမန်စုံစမ်းတဲ့အခါ မြို့မျက်နှာဖုံးအိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်နဲ့ ပက်သက်နေတာကို သိသွားတဲ့အခါမှာတော့……