Kerala State Film Awards , Filmfare Awards South တို့အပါအဝင်ဆုပေးပွဲများစွာမှာ Best Actor နဲ့ တခြားဆုတွေအများကြီးဆွတ်ခူးခဲ့ဖူးတဲ့ပရိုဂျူဆာ ၊ မင်းသားကြီး Dileep အဓိကပါဝင်ထားတဲ့ ရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်ပါဗီသရန်က ဇိမ်ခံတိုက်ခန်းတွေရှိတဲ့အဆောက်အဦးကြီးရဲ့ တံခါးစောင့်လူပျိုကြီး ၊သူ့ရဲ့ အမောပြေရန်တွေ့စရာ အဖော်ကတော့ သူ့ခွေးလေး ဘရိုပါပဲ ။ပါဗီသရန်က ပင်စင်စားအဒေါ်ကြီးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ရှည်လများငှားခမပေးဘဲ ကပ်နေတယ် ၊ဒီလိုနဲ့ အိမ်ရှင်အဒေါ်ကြီးက သူ့တိုက်ခန်းမှာငှားခရမဲ့သူတစ်ယောက်ကို သူနဲ့တွဲထားတော့မယ်ဆိုပြီး တစ်ချက်လွှတ်ပြောလာတဲ့အချိန်…။သူနဲ့ ခွေးလေးဘရိုပဲ လွတ်လွတ်လပ်လပ်နေလာတဲ့နေရာမှာလူသစ်ရောက်လာမယ်ဆိုတော့ လူပျိုကြီးအကြံအိုက်တော့တာပါပဲ….။ဒါပေမဲ့ရောက်လာတဲ့အိမ်ငှားအသစ်က အမျိုးသမီးဆိုတာသိလိုက်ရတော့ လူပျိုကြီးဘယ်လိုတွေပြောင်းလဲလာမလဲ…။သတ်လတ်ပိုင်းလူပျိုကြီးတစ်ယောက်ရဲ့ အလွဲအချော်တွေနဲ့ ချစ်စရာခွေးလေးရဲ့ အပြုအမူတွေကတစ်ခဏတော့ပြုံးမိစေမှာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်