ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မလေးရှားဂန်းစတား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အဖြစ်မှန်အပေါ် အခြေခံထားတာဖြစ်ပြီးမလေးရှားဂန်းစတား လုကာ ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ။လုကာ တို့က ကျူးကျော်ရပ်ကွက်တစ်ခုထဲမှာနေထိုင်ပြီး အဲဒီရပ်ကွက်မှာ လူမိုက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဒုစရိုက်မှုတွေနဲ့ပြည့်နေတယ်။ လုကာ အမေက ရပ်ကွက်ထဲမှာ မုန့်ရောင်းပြီးလုကာအဖေက အလုပ်အရမ်းလုပ်လို့ အိမ်ကိုနောက်ကျမှပြန်ရောက်လေ့ရှိတယ်။ လုကာတို့ ရပ်ကွက်မှာ သာမန်ပြည်သူတွေကလူမိုက်တွေကိုကြောက်ရပြီး လုကာ ကလည်း အနိုင်ကျင့်ခံရတဲ့ကလေးတစ်ယောက်ပါ။အဲဒီလိုနဲ့ မခံချင်စိတ်ပြင်းထန်တဲ့ လုကာ က အသက်ကြီးလာတဲ့အခါလူမိုက်တွေကိုပြန်တွန်းလှန်ခဲ့တယ်။ဒီဇာတ်လမ်းလေးမှာတော့ လုကာ နဲ့ လူမိုက်တွေကြားက အကြောင်းတွေ၊မလေးရှားမြေအောက်လောက အဖွဲ့အစည်းတွေရဲ့ပတ်သတ်မှုတွေကိုအက်ရှင်ခန်းတွေအပြည့်နဲ့ရှုစားကြရမှာဖြစ်ပါတယ်။