ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး “သက်ရှိလူသားရုပ်တု”တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။