ဒီတစ်ခါတင်ဆက်ပေးမဲ့ ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမဲ့ ဟာသကားလေးဖြစ်ပါတယ်…..အိဗ်ရဲ့ အသက်၅၀ပြည့်မွေးနေ့ဆင်နွှဲဖို့ ဂရိသွားဖို့ စီစဉ်ထားပေမဲ့ လေယာဉ်ခရီးစဉ်ဖျက်သိမ်းသွားတာကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်သွားတာလေးကို ဟာသလေးနှောပြီ တင်ဆက်ထားတာပါ…..ဒုတိယအရွယ်ကျော်လို့ တတိယအရွယ်ရောက်ရင်လည်း သူ့အရွယ်နဲ့သူပျော်စရာလေးတွေ ရှိပါလားဆိုတဲ့ အသိလေးဝင်သွားလောက်တဲ့အထိ တင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦးလို့…..