Line Walker (2014) ဆိုတဲ့ဟောင်ကောင် Actionဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီးဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ်လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာအသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီးတာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင်လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနကလျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာBlack Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေကပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုကကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။