ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးဒါရိုက်တာရိုဟီနာဂီရာရဲ့လက်ရာ ရိုမန့်စ်ရုပ်ရှင်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရတ်နာဆိုတဲ့ အမျိုးသမီးလေးက ရွာကလူတွေရဲ့အပြော၊အမြင်တွေကိုဂရုမစိုက်ဘဲ မွမ်ဘိုင်းမြို့ကြီးဆီအလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ရည်မှန်းချက်ကြီးပေမဲ့ မိဘတွေကိုမလွန်ဆန်နိုင်တာကြောင့်အိမ်ထောင်ပြုလိုက်ရာက ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရသူ။မိတ်ဆွေအကူအညီနဲ့ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ရခဲ့ပြီးရွာမှာကျန်ခဲ့တဲ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်။ဒီရုပ်ရှင်မှာတော့ ရတ်နာအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အက်ရှ်ဝင်နဲ့ ရတ်နာတို့ကြား လောကဓံရဲ့ရိုက်ချက်တွေနဲ့ဘ၀ပေါ်ရှုမြင်ပုံတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။